She's on his mind day and night.
She's on his mind day and night,
Thinks he takes her for granted but to her surprise,
He needs her more than she needs him.
Won't fight, no just walks away.
Won't tell his secrets just keeps them safe.
That's why she's, she's not just another face.— Modern Baseball, How do I Tell a Girl I Want to Kiss Her?
ဒီသီချင်းကို စသိတာ Trap Vibes ဆိုတဲ့ပေ့ချ်က။ အခုတော့ The Re-up ဆိုပြီး နာမည်ပြောင်းသွားပြီ။ အဲ့တုန်းကတော့ ဟစ်ဟော့ပ်တွေ အရမ်းနားထောင်နေတဲ့ ကာလဆိုတော့ လိုကယ်ရပ်ပါတွေအကြောင်းလည်း စုံစုံလင်လင် စေ့စေ့ငုငု တင်လေ့ရှိတာနဲ့ ဝင်ဖတ်ဖြစ်တာပါပဲ။ ဟစ်ဟော့ပ်တွေပဲ စိတ်ဝင်စားနေတဲ့ အချိန်ဆိုတော့ Midwest Emo သီချင်း ဆိုတာလည်း သာမန်ကာလျှံကာပဲ ဖတ်ဖြစ်လိုက်တာပဲ။
နောက်ပိုင်းတော့ ဟစ်ဟော့ပ်နဲ့လည်း အဆက်ပြတ်သွားတယ်။ လိုကယ်ရော၊ အင်တာနေရှင်နယ်ရော ကြိုက်တဲ့ ရပ်ပါတွေထဲက viral တော်ရုံတန်ရုံ မဖြစ်ဘူးဆို နားမထောင်ဖြစ်တော့ဘူး။ အဲဒီအစား shoegaze, dreampop ပေါ့။ Midwest emo လည်း genre အနေနဲ့ ကြိုက်ပေမယ့် ကြိုကြားလောက် နားထောင်ဖြစ်တာပါပဲ။ တချို့အပုဒ်တွေက အကြောင်းအရာပိုင်းအရ ကိုယ့်စိတ်ခံစားချက်နဲ့ မတိုက်ဆိုင်တာလည်း ပါမှာပေါ့။
ခံစားမိတဲ့ အပုဒ်တွေကတော့ သေချာနားထောင်ဖြစ်ပါတယ်။ Modern Baseball ရဲ့ How do I Tell a Girl I Want to Kiss Her? လည်း အပါအဝင်ပေါ့။ ဒီသီချင်းက တနေရာရာမှာ ရင်းနှီးနေသလိုမျိုးပဲတော့ ခံစားနေရတာ။ ဘယ်မှာ နားထောင်ဖူးလဲ ဒါမှမဟုတ် သိဖူးလဲ ဝိုးတိုးဝါးတား။ The Re-up က ပို့စ်ကို ပြန်တွေ့မှပဲ မှတ်မိတော့တယ်။
လောကကြီးက တော်တော်တော့ ဆန်းကြယ်ပါတယ်။ အရင်က အမှုမဲ့ အမှတ်မဲ့လောက်သာ ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဟာ နောက်နှစ်အနည်းငယ်အကြာမှာ နင့်နင့်နဲနဲ ခံစားရလာစေလိမ့်မယ်လို့ ဘယ်သူက ကြိုခန့်မှန်းမိမှာလဲ။
သေချာတာတော့ သူမဟာ နေ့ညမပြတ် စိတ်ထဲမှာ နေရာယူထားနိုင်ဆဲပါပဲ။ သီချင်းခေါင်းစဉ်က မေးခွန်းကို အဖြေရှာတွေ့နိုင်ဖို့လည်း ဝေးနေဆဲပါပဲ။